မာတိကာသို့ ခုန်သွားရန်

ပြည်ထောင်စုစည်သူသင်္ဂဟ

ဝီကီပီးဒီးယား မှ
Order of the Union of Burma
Ribbon bar of the Order of the Union of Burma (civilian member)
တည်ထောင်ခဲ့၂ စက်တင်ဘာ ၁၉၄၈
နိုင်ငံ မြန်မာ

ပြည်ထောင်စုစည်သူသင်္ဂဟ (အင်္ဂလိပ်: Order of the Union of Burma) သည် မြန်မာနိုင်ငံမှ ပြည်သူများအားချီးမြှင့်သော အမြင့်ဆုံးဘွဲ့တံဆိပ်တော်များဖြစ်သည်။ ဗြိတိသျှတို့၏ Order of Burma ဘွဲ့ကိုအစားထိုးရန် မြန်မာတို့မှ အသစ်ပြုလုပ်ခဲ့သည်။

သင်္ဂဟဂုဏ်ထူးများကို အခြားနိုင်ငံရှိ ဂုဏ်ထူးအဆင့်အတန်းများနှင့် နှိုင်းယှဉ်ထားခြင်းမရှိ။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် အကောင်းဆုံး အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများမှာ အခြားမည်သည့် နိုင်ငံများတွင်မဆို အကောင်းဆုံး၊ အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများနှင့် တန်းတူသည်ဟု ယူဆသည်။ ဘွဲ့ရသူတို့အား ရွှေ ၃ကျပ်သားထက်မနည်း ပါဝင်သော ရွှေတံဆိပ်များ ချီးမြှင့်သည်။ အဆောင်အယောင်တို့ကို ပြဋ္ဌာန်းထားသည်နှင့်အညီ ဝတ်ဆင်ရပေသည်။ နိုင်ငံခြားစိုးရများက ပေးသော ဘွဲ့၊ ဆု၊ တံဆိပ်များအတွက် ဖဲကြိုးများကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရကပေးသော ဘွဲ့တံဆိပ်များအတွက် ဖဲကြိုးများနောက် ပြီးဆုံးမှ တပ်ဆင်ရန် ပြဋ္ဌာန်းထားသည်။[]

ဘွဲ့များကို ချီးမြှင့်အပ်နှင်းခြင်းခံရသည့် ပုဂ္ဂိုလ်၏အမည်ရှေ့တွင်ဖော်ပြ၍ ခေါ်ဝေါ် အသုံးပြုရသည်။ ရာထူးနှင့်အမည်ကို တွဲခေါ်ရသော ပုဂ္ဂိုလ်များဖြစ်ပါက ဘွဲ့အမည်ကို ရာထူးနှင့်အမည် ကြားတွင် ဖော်ပြ၍ခေါ်ဝေါ်အသုံးပြုရသည်။ ရာထူးနှင့်အမည်တွဲ၍ မခေါ်ရသောပုဂ္ဂိုလ်များဖြစ်ပါက ဘွဲ့အမည်ကို ဦး၊ ကို၊ ဒေါ်၊ မ ရှေ့တွင်ဖော်ပြ၍ ခေါ်ဝေါ်အသုံးပြုရသည်။[]

အဆင့်များ

ပြည်ထောင်စုစည်သူသင်္ဂဟတွင် အဆင့် ၅ ဆင့်ရှိသည်။

  1. အဂ္ဂမဟာသရေစည်သူ
  2. သတိုးမဟာသရေစည်သူ
  3. မဟူသရေစည်သူ
  4. သရေစည်သူ
  5. စည်သူ

ဘွဲ့ရရှိသူများ

အဂ္ဂမသာသရေစည်သူ

ရရှိသူ ရရှိသည့်နှစ် မှတ်ချက်
စဝ်ရွှေသိုက် ?
သိန်းစိန် ၂၀၂၁

သတိုးမဟာသရေစည်သူ

ရရှိသူ ရရှိသည့်နှစ် မှတ်ချက်

မဟာသရေစည်သူ

ရရှိသူ ရရှိသည့်နှစ် မှတ်ချက်
ဦးသန့် ၁၉၆၁
ခင်မောင်ဖြူ ၁၉၆၁
မောင်ဘို ၂၀၁၂
သူရတင်ဦး ၂၀၁၂
မင်းအောင်လှိုင် ၂၀၁၂
အောင်ကြီး ၁၉၆၂

သရေစည်သူ

ရရှိသူ ရရှိသည့်နှစ် မှတ်ချက်
သီဟသူရ သူရ စစ်မောင် ၂၀၁၂ *သီဟသူရဘွဲ့ ၊ သူရဘွဲ့ နှစ်မျိုးလုံး ရရှိထားပြီးသူဖြစ်သည်။[ကိုးကားချက်လိုသည်]
ကျော်သန်း ၂၀၁၂
အောင်ကိုဝင်း ၂၀၂၀

စည်သူ

ရရှိသူ ရရှိသည့်နှစ် မှတ်ချက်
တင်တင်မြ ၂၀၁၂ အဆိုတော်
ခင်မောင်ညွန့် ၂၀၁၂
စန်းယဉ် ၂၀၁၂
ဒေါက်တာကျော်စိန် ၂၀၁၂
ကြည်စိုးထွန်း ၂၀၁၂
မြင့်မြင့်ခင် ၂၀၁၂
ရွှေနန်းတင် ၂၀၁၂

အခြားကြည့်ရန်

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
  2. https://www.mlis.gov.mm/mLsView.do;jsessionid=36773D0AC1B90D794F8E1781E220FD66?lawordSn=10945