backup og meta

ရေဆူဆေးပြားသောက်တာ ကောင်းလား

ရေဆူဆေးပြားသောက်တာ ကောင်းလား

ရေခွက်လေးထဲပစ်ထည့်လိုက်ရင်ရေလေးတွေဆူလာပြီး အမြှုပ်လေးတွေတက်လာတာကို သဘောကျလို့ ငယ်ငယ်ကတည်းက သောက်ခဲ့ဖူးမယ်ထင်ပါတယ်နော်။ ဒီရေဆူဆေးပြားလေးတွေက အမြှုပ်လေးတွေတက်လာလို့ ကြည့်လို့ကောင်းတယ်ဆိုတာထက်တော်တော်လေးပိုပါတယ်။ဖျော်ရည်လေးလို အရသာကောင်းကောင်းနဲ့သောက်လို့ကောင်းရုံတင်၊ လန်းဆန်းသွားစေရုံတင်မဟုတ်ပါဘူး။ ခန္ဓါကိုယ်မှာ လိုအပ်တဲ့ ဓါတ်တွေကိုပါဖြည့်စွမ်းပေးပါသေးတယ်။

ရေဆူဆေးပြားသောက်တာကောင်းလား………

ရေဆူဆေးပြားကိုသောက်ဖို့ရေတစ်ခွက်ပဲလိုတာပါ။ရေတစ်ခွက်ရှိရုံနဲ့ အဆင်ပြေပြေသောက်လို့ရပါတယ်။ဆေးကြောက်တဲ့သူတွေအတွက်ဆိုရင်လည်းတော်တော်လေးအဆင်ပြေစေတာပါ။ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကိုဖျော်ရည်လို အရသာရှိတဲ့ရေလေးတစ်ခွက်သောက်ရုံနဲ့ ရရှိမယ်ဆိုတော့ရေဆူဆေးပြားသောက်တာကောင်းတယ်၊ လို့ပဲပြောရမှာပါ။

ရေဆူဆေးပြား နဲ့သောက်ဆေးတွေဘာကိုရွေးမလဲ………..

ဆေးတိုက်ရခက်တဲ့သူတွေ၊ မျိုချရခက်ခဲနေတဲ့သူတွေ၊ အသက်အရွယ်ကြီးရင့်နေတဲ့ ဖိုးဖိုးဖွားဖွားတွေနဲ့ဆေးကြောက်တတ်တဲ့ကလေးတွေအတွက်ကတော့ရေဆူဆေးပြားက အဆင်ပြေပါလိမ့်မယ်။ အချို့သောလိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကိုပြည့်စုံဖို့ မဖြစ်မနေဆေးသောက်ဖို့လိုမယ်။ ဒါပေမယ့်ဆေးသောက်ဖို့အတွက် မလွယ်ကူဘူး၊ဆိုရင် ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ရပ်အနေနဲ့လည်းရေဆူဆေးပြားတွေကိုသုံးပေးလို့ရပါတယ်။

ရေဆူဆေးပြားဝယ်တဲ့အခါမှာတော့ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပါဝင်ရဲ့လားဆိုတာကိုသေချာလေးရွေးချယ်မိဖို့တော့လိုပါမယ်။ ဒါပေမယ့်ရေဆူဆေးပြား အများစုမှာ ကိုယ်တွင်းသွေးပမာဏကို ထိန်းညှိပေးနိုင်ပြီး ကြွက်သားနဲ့အာရုံကြောလုပ်ဆောင်မှုတွေကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပေးတဲ့ ဆိုဒီယမ်ကလိုရိုက်ပါဝင်နေပါတယ်။ ဒါ့အပြင်ရေဆူဆေးပြားဝယ်တဲ့အခါ ဗီတာမင် C ပါတာကိုရွေးချယ်ဝယ်ယူမယ်ဆိုရင် ကိုယ်ခံအားကိုကောင်းစေပြီး အသားအရေကိုကြည်လင်စေမှာပါ။ စိတ်ပင်ပန်းတာကို သက်သာစေပြီး၊ သွားနဲ့ သွားဖုံးပြဿနာတွေကို ထိထိရောက်ရောက်ကာက��ယ်ပေးနိုင်ပါတယ်။ အအေးမိတုပ်ကွေးဖြစ်နေတဲ့အခါမျိုးမှာရော၊ အအေးမိတုပ်ကွေးကို ကာကွယ်တဲ့အနေနဲ့ပါသောက်သုံးပေးလို့ရပါတယ်။

အရိုးအဆစ်တွေနဲ့ သွားတွေကြံ့ခိုင်သန်စွမ်းဖို့အတွက်ကတော့ ကယ်လ်ဆီယမ်ပါတဲ့ရေဆူဆေးပြားမျိုးကအဆင်ပြေစေမှာပါ။ အသက်အရွယ်ကြီးရင့်လာပြီဖြစ်တဲ့မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကျန်းမာသန်စွမ်းဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဒါ့အပြင် ဇင့်နဲ့ အခြားဆေးဖက်ဝင် အပင်တွေကို ထည့်သွင်းထုတ်လုပ်ထားတဲ့ရေဆူဆေးပြားတွေကိုသောက်သုံးပေးမှုက ခန္ဓါကိုယ်ကို မှိုတွေ၊ ဘက်တီးရီးယားတွေ အန္တရာယ်ကနေ အထိရောက်ဆုံးတားဆီးပေးနိုင်မှာပါ။ ဒါ့အြပ်ငနေ့စဉ်ထိတွေ့နေရတဲ့ ညစ်ညမ်းမှုတွေကြောင့် ကျန်းမာရေးမထိခိုက်အောင်ကာကွယ်ပေးမှာဖြစ်တဲ့အပြင် လှုပ်ရှားမှုကြောင့်ချွေးထွက်တဲ့အခါ ဆုံးရှုံးသွားတဲ့ ဓါတ်ဆားဓါတ်ကို အမြန်ဆုံးပြန်လည်ဖြည့်တင်းပေးနိုင်မှာဖြစ်ပါတယ်။

အစာအိမ်ထဲကိုဆေးလုံးအနေနဲ့မဟုတ်ဘဲ အရည်အနေနဲ့ရောက်ရှိသွားမှာဖြစ်တဲ့အတွက် အစာအိမ်နံရံတွေက အာဟာရဓါတ်တွေကို ခပ်မြန်မြန်စုပ်ယူနိုင်စေမှာဖြစ်တာကြောင့် ထိရောက်မှုအာနိသင်ကလည်းပိုကောင်းမှာပါ။ချွေးထွက်များတဲ့အချိန်၊ ဝမ်းသွားနေတဲ့အချိန်တွေမှာရေဆူဆေးပြားသောက်သုံးပေးတာက ဆုံးရှုံးသွားတဲ့ရေဓါတ်တွေကိုမြန်မြန်ပြန်လည်ဖြည့်တင်းပေးနိုင်မှာပါ။ရေသောက်နည်းတဲ့သူတွေအတွက်ဆိုလည်း ခန္ဓါကိုယ်ကိုရေဓါတ်ဖြည့်တင်းပေးနိုင်မယ့် အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။နွေရာသီလိုပူပြင်းတဲ့ရာသီအခြေအနေမှာရေဓါတ်မဆုံးရှုံးစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

ရေလိုပဲသောက်ရတာဖြစ်တဲ့အတွက်ကြောင့်ဆေးလုံးနင်မှာကိုလည်း ပူစရာမလိုပါဘူး။ အခြားသောက်ဆေးတွေလို အပေါ်က Coating တစ်ထပ်မပါတာကြောင့်ဆေးအာနိသင်တွေကို ထိထိရောက်ရောက်ရရှိစေနိုင်မှာပါ။ဆေးသောက်ရမှာကြောက်တဲ့သူတွေအနေနဲ့ အရသာရှိရှိနဲ့သောက်သုံးနိုင်မယ့်ဆေးတစ်မျိုးပါ။ တစ်ခုပဲ သတိထားဖို့လိုတာက လိုအပ်ချက်နဲ့ ကိုက်ညီအောင်ရွေးချယ်ပေးဖို့ပါ။

ကဲ…..ဆေးသောက်ရမှာကြောက်တဲ့သူလေးတွေအတွက် လိုအပ်တဲ့ဓါတ်တွေကိုရေဆူဆေးပြားလေးကနေတဆင့် ရယူလိုက်ပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Advantages and Disadvantages of Effervescent Tabletshttps://www.scribd.com/document/369271113/advantages-and-disadvantages-of-effervescent-tablets Accessed Date 29 August 2019

Can effervescent tablets increase your blood pressure?https://www.powerhealth.gr/en/effervescent-tablets-increase-blood-pressure/Accessed Date 29 August 2019

ယခုပုံစံ

28/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများတွင် ရေဓါတ်ခန်းခြောက်ခြင်း

ရေဓါတ်ခမ်းခြောက်နေပြီလားဆိုတာ သင် ဘယ်လိုသိနိုင်မလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement