backup og meta

Moriamin Forte (မော်ရီရာမင်း ဖို့ဒ်)

Moriamin Forte (မော်ရီရာမင်း ဖို့ဒ်)

Moriamin Forte (မော်ရီရာမင်း ဖို့ဒ်) က branded ဆေးဝါးတစ်မျိုးပါ။ ဒီဆေးမှာ ဗီတာမင် မျိုးစုံ နဲ့ အမိုင်နိုအက်ဆစ်တွေ ပါဝင်နေပါတယ်။ ဖြည့်စွက်စာအနေနဲ့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေနဲ့ တွဲဖက် အသုံးပြုပေးလို့ ရပါတယ်။

အသုံးပြုပုံများ

Moriamin Forte (မော်ရီရာမင်း ဖို့ဒ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Moriamin Forte (မော်ရီရာမင်း ဖို့ဒ်)ကို ဒီကျန်းမာရေးအခြေအနေတွေအတွက် အသုံးပြုကြပါတယ်။

  • ဗီတာမင် ချို့တဲ့တာ
  • အမိုင်နိုအက်ဆစ် ချို့တဲ့တာ
  • အသည်းရောဂါတွေအတွက် အသုံးပြုကြပါတယ်။

Moriamin Forteကို ဘယ်လိုသောက်သုံးသင့်သလဲ

Moriamin Forte ကို သင့်ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်သုံးသင့်ပါတယ်။ ဆေးပမာဏကို အတိအကျသိရှိရန် ဆေးပေါ်ရှိ အညွှန်းကို သေချာ ဖတ်ရှုသင့်ပါတယ်။

Moriamin Forte (မော်ရီရာမင်း ဖို့ဒ်)ကို သောက်ဆေးအနေနဲ့ သောက်သုံးနိုင်ပါတယ်။ ဆေးကို အလုံးလိုက် သောက်ပေးလို့ ရပါတယ်။ ဆေးသောက်တဲ့အခါ ဆေးကို ဝါးစားတာ၊ ချိုးချေပြီး သောက်တာ၊ အရည်ဖျော်ပြီး သောက်တာတွေ မလုပ်ရပါဘူး။

Moriamin Forteကို ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Moriamin Forteကို အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Moriamin Forte (မော်ရီရာမင်း ဖို့ဒ်)ကို သုံးစွဲဖို့ စိတ်ချရပါသလား

ဒီဆေးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိ၊ မရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ယေဘုယျအားဖြင့်တော့ စိတ်ချရပါတယ်။ ဒါပေမယ့် ဆေးအသုံးမပြုခင်မှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Moriamin Forte (မော်ရီရာမင်း ဖို့ဒ်)ကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • အစာခြေစနစ်ပြဿနာတွေ
  • Hypervitaminosis (ကိုယ်တွင်းဗီတာမင်ဓာတ် အဆမတန်များနေတာ)
  • Hypersensitivity (ကိုယ်ခံအားတုံ့ပြန်မှု မြန်လွန်းတာ)
  • ဓာတ်မတည့်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Moriamin Forteနဲ့ ဓာတ်ပြုနိုင်သလဲ

Moriamin Forteက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Moriamin Forteနဲ့ ဓာတ်ပြုနိုင်သလား

Moriamin Forteက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Moriamin Forteနဲ့ ဓာတ်ပြုနိုင်သလဲ

Moriamin Forte (မော်ရီရာမင်း ဖို့ဒ်)က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။

ဆေးသုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူတွေအတွက် အသုံးပြုရမယ့်ပမာဏ

တစ်ခါသောက်ရင် ဆေး ၁ တောင့်ကနေ ၂ တောင့်အထိ တစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်အထိ သောက်ပေးလို့ ရပါတယ်။

ကလေးတွေအတွက် အသုံးပြုရမယ့်ပမာဏ

ကလေးတွေအတွက် ဆေးပမာဏ တိတိကျကျ ဖော်ပြထားတာမျိုး မရှိပါဘူး။ ကလေးတွေအတွက် ဘေးကင်းစိတ်ချရမှု မရှိပါဘူး။ ဆေးတွေကို အသုံးပြုရာမှာ ဘေးကင်းစေဖို့အတွက် ဘယ်လို သောက်သုံးရမလဲဆိုတာကို သေသေချာချာ နားလည်ဖို့ လိုပါမယ်။ ဆေးနဲ့ပတ်သက်ပြီး ပိုမိုသိရှိနိုင်စေဖို့ ဆရာဝန် ဒါမှမဟုတ် ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူတွေကို သေချာလေး ဆွေးနွေးဖို့ လိုပါမယ်။

Moriamin Forteကို ဘယ်လိုရရှိနိုင်သလဲ

Moriamin Forteကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ဆေးတစ်ပြားမှာ : 5-oxyanthranilic acid 0.2 mg, Ca pantothenate 5 mg, folic acid 0.2 mg, L-isoleucine 5.9 mg, L-acetyltryptophan 5 mg, L-leucine 18.3 mg, L-lysine HCl 25 mg, L-methionine 18.4 mg, nicotinamide 20 mg, L-phenylalanine 5 mg, L-threonine 4.2 mg, L-valine 6.7 mg, ဗီတာမင် A 2,000 IU, ဗီတာမင် B1 5 mg, ဗီတာမင် B12 1 mcg, ဗီတာမင် B2 3 mg, ဗီတာမင် B6 2.5 mg, ဗီတာမင် C 20 mg, ဗီတာမင် D 200 IU, ဗီတာမင် E 1 mg တို့ ပါဝင်နေပါတယ်။

ရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Moriamin Forteကို သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သုံးပါ။ ဆေးနှစ်ကြိမ် သုံးတာမျိုး မလုပ်ပါနဲ့။

Writer – Dr. Zin Wai Yan Linn

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Moriamin Forte Forte, http://en.remedy-info.com/ovr0_Moriamin Forte-forte.html Accessed November 2nd, 2016
Moriamin Forte Forte, http://www.mims.com/philippines/drug/info/Moriamin Forte%20forte Accessed November 2nd, 2016
Moriamin Forte Forte – instruction , application reviews, http://vitamedd.com/en/pages/1342029 Accessed November 2nd, 2016
Moriamin Forte Forte, http://noillen.bitballoon.com/medicine2/Moriamin Forte-forte- instr1555 Accessed

Moriamin Forte https://www.mims.com/philippines/drug/info/moriamin%20forte Accessed July 1, 2021

Anthranilic acid https://pubchem.ncbi.nlm.nih.gov/compound/Anthranilic-acid Accessed July 1, 2021

Therapeutic Effects of Amino Acids in Liver Diseases: Current Studies and Future Perspectives https://www.ncbi.nlm.nih.gov/pmc/articles/PMC6619856/ Accessed July 1, 2021

B Vitamins https://www.hsph.harvard.edu/nutritionsource/vitamins/vitamin-b/ Accessed July 1, 2021

Moriamin Forte (PH). Lexi-Drugs. Lexicomp. Wolters Kluwer Health, Inc. Riverwoods, IL. Accessed July 1, 2021. http://online.lexi.com

ယခုပုံစံ

01/11/2022

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Paracetamol (ပါရာစီတမော)

Ketoprofen (ကီတိုပရိုဖန်)


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 01/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement