မာတိကာသို့ ခုန်သွားရန်

ဘဲ

ဝီကီပီးဒီးယား မှ
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ဘဲ
Bufflehead
(Bucephala albeola)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Anseriformes
Superfamily: Anatoidea
မျိုးရင်း: Anatidae
မျိုးရင်းခွဲများ

See text

ဘဲ

မြန်မာနိုင်ငံတွင် ဝမ်းဘဲနှင့်ငန်းအမျိုးပေါင်း ၃၄ မျိုးရှိသည်ဟု သိရသော်လည်း ၆ မျိုးသာလျှင် ဌာနေငှက်များဖြစ်ကြသည်။ ကျန်အမျိုးများမှာ ဆောင်းရာသီဧည့်သည်ငှက်များ ဖြစ်ကြ၍ စက်တင်ဘာလ၊ သို့မဟုတ် အောက်တိုဘာလလောက်တွင် ရောက်လာပြီးလျှင် မတ်လတွင် တိဗက်ကုန်းပြင်မြင့်သို့ဖြစ်စေ၊ သို့မဟုတ် ထို့ထက် မြောက်ဘက်ကျသော ဒေသများသို့ဖြစ်စေ တစ်ဖန် ပြန်သွားကြသည်။ ရေပျော်ငှက်များဖြစ်၍ ခြေချောင်းများတွင် ရေယက်ရှိသည်။ နှုတ်သီးပြားသည်။ အဖိုများမှာ အရောင်စုံ၍ တောက်ပြီး အမများမှာ ခပ်မှိုင်းမှိုင်းအရောင်ရှိသည်။ အမွှေးချချိန်တွင် အဖိုနှင့်အမမှာ ဆင်တူသည်။ ရေနေသတ္တဝါငယ်များနှင့် ရေတွင်ပေါက်သော အပင်များကို စားသောက်ကြသော်လည်း အချို့ကမူ ကွင်းပြင်များတွင် ကျက်စား၍ ကောက်နှံများကို စားသည်။ အများစုမှာ ပြောင်းရွှေ့နေထိုင်ကြပြီး ခရီးဝေးပျံနိုင်သည်။ လည်တိုင်ကို ဆန့်လျက် လျင်မြန်စွာ ရှေ့သို့ဦးတည်၍ ပျံသည်။ အများစုမှာ ရေစပ်အနီး ချုံတောများတွင် အသိုက်ဆောက်ကြသော်လည်း အနည်းငယ်ကမူ သစ်ခေါက်များ၌ ဆောက်သည်။ အုပ်လိုက်သင်းလိုက် နေကြသည်။[]

ဘဲခေါင်းစိမ်း မောင်နှံနှစ်ဖော်

ကိုးကား

  1. ကျော်ညွန့်လွင်; ခင်မမသွင် (၂၀၀၃)။ မြန်မာနိုင်ငံ ငှက်များ။ ချိုတေးသံ စာပေ။