မာတိကာသို့ ခုန်သွားရန်

ကွန်တိုမျဉ်း

ဝီကီပီးဒီးယား မှ
The bottom part of the diagram shows some contour lines with a straight line running through the location of the maximum value. The curve at the top represents the values along that straight line.

ကွန်တိုမျဉ်း (အင်္ဂလိပ်: Contour line) များအား မြေပုံပေါ်တွင် အမြင့်တူသော ဒေသများကို မျဉ်းတစ်ဆက်တည်း ဆက်သွယ်ရေးဆွဲထားခြင်းဖြင့် ဒေသ၏ အနိမ့်အမြင့် မျက်နှာပြင် အနေအထား��ို မှန်းဆသိရှိနိုင်ပေသည်။ ထိုအနိမ့်အမြင့်ပြမျဉ်းကို ကွန်တိုဟု ခေါ်သည်။ ကွန်တိုမျဉ်းများတွင် အမြင့်ပေကို ဖော်ပြထားလေ့ရှိသည်။ အမြင့်မျဉ်းစိပ်လျှင် မြေစောက်မှန်းသိသာ၍ အမြင့်မျဉ်းကျဲလျင် မြေဆင်ခြေလျော ကျသည်ကို သိသာသည်။ မျဉ်းရစ်ဝိုင်း၍သွားလျင် တောင်ပ��ာ မြင့်မောက်တက်နေသည်ကို သိသာသည်။ မျဉ်းတို့၏ သတ်မှတ်ချက်တွင် အနည်းဆုံးပေ ၅၀ မြင့်လျှင် မျဉ်းတစ်ရစ်ပြရာမှ မြေပုံချုံနှုန်းအလိုက် ပေ တစ်ထောင် နှစ်ထောင်တွင် တရစ်အားဖြင့်လည်း ဖော်ပြကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ကွန်တိုမျဉ်း" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။