မာတိကာသို့ ခုန်သွားရန်

SQL

ဝီကီပီးဒီးယား မှ

SQL သည် Structured Query Language ၏ အတိုကောက် စကားလုံးဖြစ်သည်။ထိုစကားသုံးလုံးဖြင့် တိကျသော အနက်အဓိပ္ပာယ်ကို မဖော်ဆောင်နိုင်သော်လည်း မြန်မာလိုအားဖြင့် အချက်အလက်များအား စုစည်းထည့်သွင်းရယူ ထိန်းချုပ်နိုင်သော ကွန်ပျူတာဘာသာစကား ဟု ခေါ်ဆို သတ်မှတ်နိုင်မည်ဖြစ်သည်။အဓိကအားဖြင့် အပြန်အလှန် ဆက်စပ်လျက် ရှိသော အချက်အလက်များအား စီမံညွှန်ကြားရေးစနစ် (Relational DataBase Management System - RDMS)နှင့် အပြန်အလှန် ဆက်စပ်လျက် ရှိသော အချက်အလက်များစီးဆင်းမှု အားစီမံခန့်ခွဲရေးစနစ် (Relational Data Stream Management System - RDSMS) တို့အတွက် အဓိက ရည်ရွယ် အသုံးပြုကြသော ဘာသာစကားလည်း ဖြစ်��ည်။၎င်းဘာသာစကားတွင် အချက်အလက်များကို တိကျစွာ ပုံဖော်တည်ဆောက်နိုင်သော Data defination Language(DDL)၊အချက်အလက်များကို တွက်ချက်စိစစ်နိုင်သော Data Manipulation Language (DML)နှင့် ��ချက်အလက်များနှင့် အသုံးပြုသူများကို ထိန်းချုပ်ကွပ်ကဲနိုင်သော Data Control Language (DCL)ဟူ၍ ပါဝင်သေးသည်။SQL သည် စာကြောင်းရေအနည်းငယ်ဖြင့် လုပ်ငန်းပြီးမြောက်စေနိုင်သော ကွန်ပျူတာဘာသာစကား မျိုးနွယ်ဝင် (4Gl - Fourth Generation Language)ဖြစ်သော်လည်း (3Gl - Tirth Generation Language) ပိုင်းဆိုင်ရာဖြစ်သည့် procedure (လုပ်ငန်းစဉ်ပြီးမြောက်ရန်ဆင့်ကဲလုပ်ဆောင်ချက်)များလည်းပါဝင်လျက် ရှိသည်။၁၉၈၆ ခုနှစ်တွင် (ANSI)၏ စံနှုန်းတွင် သတ်မှတ်ခံရပြီး ၁၉၈၇ တွင် (ISO)၏ စံနှုန်းအဖြစ်လည်း သတ်မှတ်ခံရသည်။အခြား ကွန်ပျူတာ ပရိုဂမ် ဘာသာစကား (BASIC, C, C++, C#,Java) များကဲ့သို့အသုံးပြုခြင်းနှင့် လေ့လာရာတွင်လည်း ခက်ခဲခြင်းလည်း မရှိပေ။

သမိုင်း

[ပြင်ဆင်ရန်]

၁၉၇၀ အစောပိုင်းတွင် IBM ရှိ Donald D. Chamberlin နှင့် Raymond F. Boyce တို့က SEQUEL(Structured English QUEry Language) ဟု အမည်ပေးထားသောကွန်ပျူတာဘာသာစကားကို IBM database အတွက် စဦး လုပ်ဆောင်ခဲ့ကြသည်။၁၉၇၀ နှစ်ကုန်ပိုင်းတွင် Dr. E. F. Codd ၊ Chamberlin နှင့် Boyce တို့က Relational DataBase များရှိအန္တရာယ်ရှိနိုင်သော ပြစ်ချက်များကို တွေ့ရှိခဲ့ကြပြီးနောက် Relational Software Inc. (ယခု Oracle Corporation)မှ ၄င်တို့ ကိုယ်ပိုင် SQL အသုံးပြု အပြန်အလှန် ဆက်စပ်လျက် ရှိသော အချက်အလက်များအား စီမံညွှန်ကြားရေးစနစ် ကို အမေရိကန် ရေတပ်နှင့်အစိုးရအဖွဲ့အစည်းများအား ရောင်းချခဲ့သည်။ထို့နောက်တွင်မှ SQL ၏ ဖွံ့ဖြိုးမှုသည်လည်းတိုးတက်လာခဲ့သည်။